နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံပွဲများ  အမြို့မြို့အနယ်နယ်၌ ကျင်းပ

articles_advs

နေပြည်တော် ၁၃ ဒီဇင်ဘာ

အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် နိုင်ငံ့ဂုဏ်သိက္ခာအတွက်တရားရင်ဆိုင် နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် မုံကွင်း တွင် ကျင်းပခဲ့သည်။

 

့ျြို်

ထောက်ခံပွဲသို့ တက်ရောက်လာသော မိုးကုတ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်က “အခုထောက်ခံပွဲဟာဆိုရင် မိမိနိုင်ငံ ကိုယ်စားသွားရောက် ဖြေရှင်းတင်ပြ နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အားပေးထောက်ခံပွဲ ဖြစ်ပါတယ်။ မည်သူ့ကိုမှလည်း မရှုတ်ချဘူး၊ မည်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ အခု ထောက်ခံတဲ့ပွဲဟာဆိုရင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြပြီး စည်းလုံးညီညွတ်ခြင်းကိုပါ အထင်းသား တွေ့မြင်နေရတဲ့ပွဲလည်း ဖြစ်ပါ တယ်” ဟု ပြောကြားသည်။

 

အဆိုပါ ထောက်ခံပွဲတွင် တိုင်းရင်းသား ပေါင်းစုံ၊ လူမှုရေးအဖွဲ့ ပေါင်းစုံ၊ ဌာနဆိုင်ရာပေါင်းစုံတို့ ပါဝင် ခဲ့ကြသည်။ ထောက်ခံပွဲတွင် မြန်မာနိုင်ငံတော် သီချင်းအား သံပြိုင်သီဆို၍ အခမ်းအနားစတင်ကာ မိုးကုတ် မြို့နယ် ကျောက်မျက်ကုန်သည်ပွဲစား များအဖွဲ့မှ မိုးကုတ်မြို့နယ် ပြည်သူလူထုသဘောထား ထုတ်ပြန်ကြေညာ ချက်အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ဖတ်ကြားခဲ့သည်။ ထို့နောက် ပြည်သူလူထု ၂၀၀၀၀ ခန့် ပါဝင်သောထောက်ခံအားပေး သူများသည် မိုးကုတ်မြို့နယ်အတွင်း သတ်မှတ် လမ်းကြောင်းများအတိုင်း စီတန်း လှည့်လည်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား အားပေးထောက်ခံခဲ့ ကြကြောင်း သိရသည်။

 

ျြ့ညေိ

ညောင်ဦး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂နာရီက ညောင်ဦးမြို့ ရွှေစည်းခုံဘုရား တောင်ဘက် ကွင်းပြင်ကျယ်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ အကျိုး စီးပွားအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော သတ္တိနှင့် စိတ်ဓာတ်အား မြန်မာပြည်သူအပေါင်းက ထောက်ခံ ဝန်းရံကြခြင်းဖြစ်ကြောင်း နိုင်ငံ တကာ အသိုင်းအဝိုင်းအားသိရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားပြီး တက်ရောက်လာသူများက တညီ တညွတ်တည်း ကြွေးကြော်သံများဖြင့် ထောက်ခံခဲ့ကြသည်။

အဆိုပါ ထောက်ခံပွဲသို့ ညောင်ဦးမြို့နယ် ပြည်သူများ၊ ပုဂံမြို့သစ်မှပြည်သူများ၊ ငါ့သရောက်မြို့မှ ပြည်သူများနှင့် ကိုယ်ပိုင်ကျောင်း များမှဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြကာ လူဦးရေသုံးသောင်းခွဲခန့် တက်ရောက် ထောက်ခံကြကြောင်းသိရသည်။ အလားတူ အခမ်းအနားများကို မြင်းမူ၊ ဆားလင်းကြီး၊ ကလေးဝ၊ ကျောက်ပန်းတောင်း စသည့် မြို့များတွင် ပြည်သူများ စုပေါင်းကာ ပြုလုပ်ခဲ့ပြီး လူထုထောက်ခံပွဲတွင် “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ ရပ်တည်၍ ပြည်သူလူထု အားပေးထောက်ခံပွဲ” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကာ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ထောက်ခံအားပေးပွဲ”၊ “လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ရပ်တည်ကြစို့၊ “We Stand With Our Leader” စသည့် ပိုစတာများကိုင်ဆောင်ကာ ငြိမ်းချမ်းစာဖြင့် ထောက်ခံပွဲများ ပြုလုပ်ခဲ့သည်။

 

ကျော်ဇေယျာမြင့်(မိုးကုတ်)

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)