နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား လက်ခံတွေ့ဆုံ

articles_advs

နေပြည်တော် ၁၄ ဇန်နဝါရီ

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များနှင့်စပ်လျဉ်း၍၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများ၏ အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအား အကောင်အထည်ဖော်ရေး၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအား ကြီးလေးသော ကျူးလွန်မှုများအပေါ် တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများနှင့် ထိခိုက်ခံရသည့် ကလေးသူငယ်များအား ၎င်းတို့၏ သက်ဆိုင်ရာ အသိုက်အဝန်းများသို့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်

 

ါၾအပ