နိုင်ငံတော်မှ လူမှုရေးပင်စင်များ ကွင်းဆင်းပေးအပ် 

လှိုင်သာယာ ၁၈    ဇန်နဝါရီ    

    
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်က အမှတ်(၇)ရပ်ကွက် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။ လှိုင်သာယာမြိုနယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ သည် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သော လူမှုရေးပင်စင်အား ကိုယ်ထိလက်ရောက် ကန်တော့ပေးအပ်ခဲ့ကြသည်။ 


လှိုင်သာယာမြို့နယ်မှ တာဝန်ရှိသူများသည် နိုင်ငံတော်မှ ပေးအပ်သော သက်ကြီးလူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ များရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများလက်သို့ ကွင်းဆင်းပေးအပ် လျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN