နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်   ၇   နိုဝင်ဘာ

 

(၇)ကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ရန်ကုန်မြို့၌ နိုဝင်ဘာလ ၁၅ ရက်မှစ၍ ၁၀ ရက် တိုင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဇာတ်ကားကောင်းများနှင့် မှတ်တမ်းရုပ်ရှင်များကို ပြသမည်ဖြစ် ကြောင်း သိရသည်။

 

“MEMORY” အမည်ဖြင့် ကျင်းပမည့် နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်နှင့်ပတ်သက်၍ အကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Rosewood Yangon ဟိုတယ်၌ ကျင်းပခဲ့သည်။

 

အဆိုပါရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ညွှန်ကြားရေးမှူး ဉီးသိန်းနိုင်၊ MEMORY ရုပ်ရှင်ပွဲတော်ကို ပံ့ပိုးကူညီပေးသူ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်၊ MEMORY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တည်ထောင်သူနှင့် ဉက္ကဌ Mrs. Severine Wemaere တို့က ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ဉရောပသံအမတ်ကြီး H.E. Mr Kristian Schmidt, ပြင်သစ်သံရုံး၏ ယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအကြံပေး Cyprien Francois, Forever Group ၏ ရိုက်ကူးထုတ်လုပ်ရေးအကြံပေး Henri de Lorme တို့က အမှာစကားများ ပြောကြားခဲ့သည်။

 

နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရုပ်ရှင်မင်းသမီး ဒေါ်ဆွေဇင်ထိုက်က “ နိုင်ငံပေါင်း များစွာကနေ ဇာတ်ကားထုပ်ပေါင်းများစွာကိုယူပြီး မြန်မာပြည်မှာရှိတဲ့ ပြည်သူများအနေနဲ့ ရုပ်ရှင်ကိုတန်ဖိုး ထားတတ်လေအောင်ဆိုပြီးတော့ အခမဲ့ပြပေးနေတာဖြစ်ပါတယ်။ ဒါဟာ ရုပ်ရှင်ပညာရပ်ဆိုင်ရာ အစီအစဉ် တစ်ခုအနေနဲ့လည်း ပါပါတယ်။ ကြည့်တဲ့သူတွေကလည်း မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေနဲ့ မတူကွဲပြားတဲ့ ဒေသမှာနေတဲ့ မတူကွဲပြားတဲ့လူတွေရဲ့ တန်ဖိုးထားမှုပုံစံတွေကို နားလည်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်” ဟုပြောကြားသည်။

 

အပြည်ပြည်ဆိုင်ရာရုပ်ရှင်အမွေအနှစ်အဖြစ် ဇာတ်လမ်းတိုများကို ပြသရန် MEMORY ရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်းဖြစ်ပြီး ယခုနှစ် ရုပ်ရှင်ပွဲတော်၏ဆောင်ပုဒ်မှာ အတူတကွယှဉ်တွဲနေထိုင်ခြင်းဟူ၍ဖြစ်သည်။ နိုဝင် ဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံတွင် MEMORY ရုပ်ရှင်ပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး ဇာတ်ကားပေါင်း ၇၀ ကို အခမဲ့ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် မဟာဗန္ဓုလပန်းခြံ၌ နိုဝင်ဘာလ ၁၆၊ ၁၇၊ ၁၈ ရက်များ၌လည်းကောင်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား အထက်ဘလောက်တွင် နိုဝင်ဘာလ ၁၉၊ ၂၀၊ ၂၁ ရက်နေ့များ၌လည်းကောင်း ဇာတ်ကားများ ပြသမည်ဖြစ် ကြောင်း သိရသည်။ ယခုနှစ်၏ ထူးခြားမှုအနေဖြင့် ရုပ်ရှင်ဇာတ်ကား ၁၈ ကားကို မြန်မာစာတန်းထိုးကာ ပြသမည်ဖြစ်ကြောင်း သိရသည်။

 

MEMORY ရုပ်ရှင်ပွဲတော်တွင် ၁၈၉၀ ခုနှစ်ခန်မှ မှတ်တမ်းရုပ်ရှင်များ ပါဝင်သလို ဇာတ်လမ်းရုပ်ရှင်အနေဖြင့် ၁၉၀၀ အစောပိုင်းကာလများ မှ ၂၀၀၁ ခုနှစ်၊ ၂၀၀၄ ခုနှစ်အထိ ဇာတ်ကားများပါဝင်ကြောင်း သိရသည်။ နိုဝင် ဘာလ ၁၅ ရက်နေ့တွင် ဝဇီရာရုပ်ရှင်ရုံ၌ ကျင်းပမည့် MEMORY ရုပ်ရှင်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ပြင်သစ် နိုင်ငံမှထူးချွန်ဆုရ သရုပ်ဆောင်မင်းသမီးတစ်ဉီးဖြစ်သည့် Isabelle Huppert လည်း တက်ရောက်မည်ဖြစ် သည်။ MEMORY ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၌ ကျင်းပလျက်ရှိသော တစ်ခုတည်းသောရုပ်ရှင်ပွဲတော်ဖြစ် သည်။

 

လင်းညွန့်၊ ဓာတ်ပုံ - ထိန်လင်း

 

dfe