နမ္မတူမြို့နယ်၌ ဆောင်ရွက်လျက်ရှိသော သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

နမ္မတူ  အောက်တိုဘာ-၂၄

 

          ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ထောက်ပံ့ငွေ ကျပ်သန်း ၅၀၀၀ မှ လုပ်ငန်းလွှဲပြောင်းခွဲဝေ ချထားပေးသောခွင့်ပြုငွေကျပ် ၄၁၃ သိန်းဖြင့် ဆောင်ရွက်နေသောပန်ဟိုက်ရပ်ကွက်(၄)ရှိ သပြေ လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

          အဆိုပါ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်နေသောလမ်းမှာ အရှည်ပေ  ၁၀၀၀၊ အကျယ် ၁၅ပေ နှင့် အထူ ၁၅ လက္မရှိသည်။ အဆိုပါလမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းကို ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယုခုအခါ  တည်ဆောက်ရေး လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နမ္မတူမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ခေတ္တအမှု ဆောင်အရာရှိ ဒေါ်အေးမာဝင်းက ပြောသည်။

          ထိုသို့ သပြေလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် နမ္မတူမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများသွားရေး၊ လာရေးအဆင်ပြေလျက်ရှိကာ ဝမ်းသာပျော်ရွှင်လျက်ရှိ ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)