ညောင်လေးပင်မြို့၌(၁၈)ဘီး ကွန်တိန်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

ညောင်လေးပင်   ၂၃   ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရှမ်းရွာကျေးရွာအနီး အာလောကွေ့၌ ဇန်နဝါရီလ ၂၃ ရက် ညနေ ၃ နာရီခန့်က (၁၈) ဘီး ကွန်တိန်နာယာဉ် တစ်စီးအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ ရှမ်းရွာကျေးရွာအနီး အာလောကွေ့၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၉၆/၂ နှင့် ၃ အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲအုပ် ကျော်ရဲစိုးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အခင်းဖြစ်နေရာတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စိုးသူ သဘော့သပြုကျေးရွာ ဓနုဖြူမြို့နယ် ဧရာဝတီ တိုင်းဒေသကြီးနေထိုင်သူ မောင်းနှင်လာသည့် YGN 4K/ ----- Nissan Diesel အမျိုးအစား အစိမ်းရောင်(၁၈)ဘီး ကွန်တိန်နာယာဉ်သည် ဘောက်အား တင်ဆောင်မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ကားလမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းတွင်ထိခိုက်မူမရှိဘဲ ယာဉ်အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)