ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေးအတွက် ညောင်ရွှေ-ရန်ကုန် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်ကြီးများ (၂)ပတ်ရပ်နားမည်

ညောင်ရွှေ ၁၉ စက်တင်ဘာ

 

လတ်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် ညောင်ရွှေမြို့ရှိ အလုပ်ရုံ/ပွဲရုံအသီးသီးမှ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပြေးဆွဲနေကြသည့် ကုန်တင်မော်တော်ယာဉ်ကြီးများနှင့်ပက်သက်၍ မြို့နယ်ကိုဗစ်-၁၉ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မော်တော်ယာဉ်ကြီးအသင်းတို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၁၉)ရက် နံနက်(၇)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်များအရ မော်တော်ယာဉ်ကြီးအသင်းမှ မိမိတို့ဆန္ဒအလျောက် လက်ရှိရန်ကုန်သို့ ကုန်စည်ပြေးဆွဲတင်ပို့ခြင်းကို ရက်သတ္တ(၂)ပတ် ရပ်နားထားမည်ဖြစ်ပြီး ပြန်လည်ဝင်ရောက်လာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို အထက(၁)ညောင်ရွှေ၌ ဖွင့်လှစ်ထားရှိသော  Facility Quarantine Centre ဝင်ရောက်စေ၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေးသို့ပြေးဆွဲနေသောယာဉ်များကို မြို့နယ်ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ပြေး ဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ

 

mdn