ညောင်ရွှေမြို့နယ်၌ သီးနှံရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ညောင်ရွှေ  ၁၀  ဇူလိုင်

 

ညောင်ရွှေမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မိုးသီးနှံရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူ များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းတို့က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပက်ထရစ်ဗြူးက သီးနှံရေကြီး နစ်မြုပ်ပျက်စီးမှုများအပေါ် ထောက်ပံ့ပေးအပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တိလော၊ ကျွန်းကြီး၊ မိုင်းပျိုး၊ အင်းလျားကျေးရွာအုပ်စုများမှ တောင်သူ ၉၆ ဦး၏ မိုးစပါးနှင့် အစေ့ထုတ်ပြောင်း ပျက်စီးဧက ၁၆၂ ဧကအတွက် ထောက်ပံ့ငွေကျပ် ၁၆၂၀ဝ၀ဝ ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ် ခဲ့ကြောင်း သိရသည်။

 

(နေမျိုးသူရိန်)