ညောင်တုန်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ဆုချီးမြှင့်ပွဲ ကျင်းပ

ညောင်တုန်း ဇွန်  ၂၅  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်(TSDP)အရ ပြုလုပ်သော မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ဘောလီဘောအမျိုးသား အလွတ်တန်း ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းအမျိုးသားအလွတ်တန်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့  မွန်းလွဲ၁နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘောလီဘောအမျိုးသားအလွတ်တန်းပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အမျိုးသားအလွတ်တန်း ပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား တာဝန်ရှိသူများက တံခွန်စိုက်ဖလားနှင့် ပထမဆု၊ ဒုတိယဆု၊  တတိယဆု နှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)