ညောင်တုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲကျင်းပ

mdn

ညောင်တုန်း      ၂၂    နိုဝင်ဘာ    

   

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက စျေးဦးကျွန်း (အမက) ကျောင်း၌ ကျင်းပခဲ့သည်။

 

ဟောပြောပွဲတွင် စျေးဦးကျွန်း (အမက) ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်မား ရေးအတွက် စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ယခုလို နယ်လှည့်စာကြည့်တိုက် စာအုပ်၊ စာစောင်များကို ကွင်းဆင်းငှားရမ်း ပေးရခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင် (ညောင်တုန်း)

 

mdn