ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

ညောင်ဦး ဇွန် ၂၄

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီအက ညောင်ဦးမြို့နယ် မဏိစည်ဈေးနှင့် ညောင်ဦးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီး ဦးကျော်မင်းဦးထံက သိရသည်။

၂၀၂၁ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို စာသင်ကျောင်းများ၊ ဈေးများ၊ ကားဂိတ်များတွင် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး၊ မြို့ရုံးများမှ ပညာပေးရေးအနေဖြင့် ဖြန့်ဝေပေးလျက်ရှိရာ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး အလွဲသုံးမှုမဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးများ၏ အကျိုးအပြစ် စသည်တို့ ရှောင်းရှားနိုင်စေရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

လက်ကမ်းစာစာင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြင်ဖွယ်အချက်များ၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူဘိန်းဖြူ(ကဗျာ)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ကာတွန်းများပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်ဖြစ်ကြောင်းလည်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)