ညောင်ဦးမြို့နယ် ဂန့်ဂါကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ

ညောင်ဦး  ဇွန်  ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဂန့်ဂါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဇွန် ၂၅ရက် နံနက် ၁၀နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခဲ့သည်။

အဆိုပါကလေးသူငယ်အခွင့်အရေးဆိုင်ရာပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်တင်တင်စိန်(လက်ထောက်ညွှန်ကြားရေးမှူး)က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အကြောင်းအရာများ၊ CRC  စာချုပ်ရဲ့အခြေခံမူ (၄)ရပ်ဖြစ်တဲ့၊ အကောင်းဆုံးဖြစ်ထွန်းစေရေးမူ၊ ခွဲခြားဆက်ဆံရေးမရှိစေရေးမူ၊ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်စေရးမူ၊ ပူးပေါင်းဆောင်ရွက်စေရေးမူအကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ပြုစပျိုးထောင်ခြင်းနှင့် ကလေးသူငယ်၏ကျင့်ဝတ် စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူနှင့် ဆရာဆရာမများ၏ တာဝန်ဝတ္တရားများစသည်တို့ကို အကျယ်တဝင့် ပညာပေးဟောပြောခဲ့သည်။

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောပွဲသို့ ညောင်ဦးခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှဝန်ထမ်းများ၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ ဂန့်ဂါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရကာ ကလေး သူငယ်အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များ အမှတ်တရလက်ဆောင်များအား ဆရာဆရာမများကိုပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)