ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း ဈေးနှုန်းမကောင်းသောကြောင့် တွက်ခြေမကိုက်ဖြစ်နေ

ညောင်ဦး ၁၂ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင်ထံက သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများကို အနီးအနားမြို့များသို့ သာရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့်ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ သီးနှံစိုက်ပျိုးလုပ်ကိုင်ကြသည့်အခါတွင်လည်း မြေအောက်ရေကို တွင်းတူးပြီး ရေထုတ်ယူကာရေသွင်း စိုက်ပျိုးကြောင်း၊ ကိုယ်ပိုင် ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန်လုပ်ကိုင်၍ရကြောင်း ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့်စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းမရရှိခြင်းကြောင့် တွက်ခြေမကိုက်ဖြစ်ရကြောင်း ပြောင်းဖူးစိုက်တောင်သူများက ပြောကြားသည်။

 

ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် ပြောင်းဖူးစိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ ကျပ်သာ ရောင်းချရခြင်းကြောင့်တွက် ခြေမကိုက်ဖြစ်နေကြကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း