ညောင်ဦးမြို့နယ်တွင် မှိုစိုက်တောင်သူများ မှိုအထွက်နှုန်းနည်းပါးပြီး ဝင်ငွေလျော့ပါးနေ

မန္တလေး ၁၂ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မှိုစိုက်တောင်သူများ ယခုရက်ပိုင်းအတွင်း မှိုပေါင်များ စိုက်ပျိုးပြီး အထွက်နှုန်းနည်းပါးနေသဖြင့် ဝင်ငွေလျော့ကျလျက်ရှိကြောင်း သိရှိရသည်။

 

ညောင်ဦးမြို့နယ်တွင် အခြားသီးနှံစိုက်ပျိုးသကဲ့သို့ မှိုစိုက်တောင်သူများလည်းရှိပြီး ယခင်က နေ့စဉ်နံနက်တိုင်း ပခုက္ကူမြို့စျေးနှင့် ညောင်ဦးမြို့စျေးများသို့ မှိုပို့နေရသော်လည်း ယခုရက်ပိုင်း အအေးဓါတ်ဝင်လာကာ စိုက်ပျိုးသလောက်မရဘဲ မှိုစိုက်သူများ အရင်းအနှီးများပြီး ဝင်ငွေလျော့နေကြောင်း မှိုစိုက်ပျိုးသူများထံမှ သိရှိရသည်။

 

6

 

“ကျွန်မတို့ အခုလောလောဆယ် မှိုစိုက်တာ မထွက်ဘူးဖြစ်နေတယ်။ ရာသီဥတုကလည်း အေးလာတော့ မှိုစိုက်ပျိုးတာ လုံးဝမဖြစ်ထွန်းဘူး ဖြစ်နေတာပါ။ ဝင်ငွေမရှိတာကိစ္စမရှိဘူး။ မှိုတစ်ပေါင်ကို တစ်သောင်းခွဲလောက် အရင်းငုတ်တယ်။ မှိုဆယ်ပေါင်ပျိုးတော့ တစ်သိန်းခွဲလောက်အထိ အရင်းငုတ်သွားတယ်" ဟု မှိုစိုက်တောင်သူ မစန္ဒာစိုးကပြောသည်။

 

“မှိုတစ်ပေါင်ကို မှိုမျိုးစေ့က ၅၀၀၀ ကျပ်။ နွားချေးတစ်စီးက ၃၀၀၀ ကျပ်။ ဂတ်ထူစက္ကူက ၃၀၀၀ ကျပ်။ လူလုပ်အားခက ၄၀၀၀ ကျပ်ဆိုတော့ မှိုစိုက်ပေါင်တစ်ပေါင်ကို ၁၅၀၀၀ ကျပ် အရင်းဝင်လို့ အရင်းတွေငုတ်နေတယ်။ ဝင်ငွေလဲနည်းနေတယ်။ လုပ်သလောက်အရင်းရှုံးနေတယ်" ဟု ယဉ်ဆန်းကျေးရွာ မှိုစိုက်တောင်သူ ကိုအံ့ကျော်က ပြောသည်။

 

ကျော်ဌေး