ခေါဇာမြို့ ၌ (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ခေါဇာ   ၂၅  နိုဝင်ဘာ

 

COVID-19  ရောဂါကြိုတင် ကာကွယ်ရေး  ဆိုင်ရာအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ၊ မြို့ကျက်သရေဆောင်ဈေးတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ  အသိပညာပေးခြင်းနှင့်  နှခေါင်းစည်း (Mask)   များအခမဲ့ ဖြန့်ဝေပေးခြင်းကို  ‌ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာ နှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ကျက်သရေဆောင်ဈေး သို့ လာရောက်ကြသော ပြည်သူများအား COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း( Mask) အခုရေ (၃၀၀) ခန့်အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)