ဂျပန်နိုင်ငံ၌ ပြည်သူ ၆၆ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်

တိုကျို အောက်တိုဘာ ၁၈

 

ဂျပန်နိုင်ငံရှိ လူဦးရေ ၆၆ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

ပြည်သူ ၉၄ ဒသမ ၅ သန်းကျော် (လူဦးရေ၏ ၇၄ ဒသမ ၇ ရာခိုင်နှုန်း)သည် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ လူဦးရေ ၈၃ ဒသမ ၆ သန်း (လူဦးရေ၏ ၆၆ ဒသမ ၁ ရာခိုင်နှုန်း)သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်သည်။

 

အသက် ၆၅ နှစ်နှင့်အထက် ပြည်သူ ၉၁ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလအစောပိုင်းတွင် ကာကွယ်ဆေးထိုးနှံ မှုခံယူရန် သတ်မှတ်ထားသည့် ပြည်သူအားလုံးကို အပြီးသတ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဂျပန် အစိုးရက ဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်