နတ်တလင်းမြို့တွင် အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်

နတ်တလင်း ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇွန် ၂၄ ရက်က မြို့မရပ်ကွက်တွင် ဆောင်ရွက်ကြသည်။

နတ်တလင်းမြိုနယ် မြို့မရပ်ကွက်အတွင်းရှိ သက်ကြီးအဘိုးအဘွား ၁၇ ဦးတို့အား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် တစ်ဦးလျှင် ကျပ် (၃၀၀၀၀)စီကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပေးအပ်ခဲ့သည်။ အလားတူ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေရွာအုပ်စု ၈၄ အုပ်စုမှ ကျေးရွာခွဲများတွင်လည်း အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တစ်ပြိုင်တည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထားထားဦး (နတ်တလင်း ပြန်/ဆက်)