နယူးဇီလန်နိုင်ငံ ခရီးသွားဧည့် ဝင်ရောက်မှု ခုနစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း

၁၂ ဒီဇင်ဘာ

 

အာရှမှ ခရီးသွားအရေအတွက် ဆက်လက်ကျဆင်းလာသည်နှင့်အမျှ နယူးဇီလန်နိုင်ငံ နှစ်စဉ် ခရီးသွားဧည့် ဝင်ရောက်မှု ခုနစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း နယူးဇီလန်စာရင်းအင်းဌာနက ယနေ့ ပြောကြားခဲ့သည်။

 

ပင်လယ်ရပ်ခြားခရီးသွားအရေအတွက်စုစုပေါင်းမှာ၂၀၁၈ အောက်တိုဘာလကုန်ပိုင်းနှင့်နှိုင်းယှဉ်ပါက  ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းအထိ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု နယူးဇီလန်စာရင်းအင်းဌာနက ဆိုသည်။

 

ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သည့် ကိုးလအတွင်း အာရှမှ ခရီးသွားဧည့်များ ဝင်ရောက်မှု ကျဆင်းနေကြောင်း လူဦးရေညွှန်းကိန်းမန်နေဂျာ Tehseen Islam က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

သြစတြေးလျမှ ခရီးသွားဧည့်များ၏ သုံးပုံတစ်ပုံကျော်သည် မိသားစု နှင့် မိတ်ဆွေများဖြင့်လည်ပတ်ရန် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာကြသည်။

 

တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသွားဧည့်များ၏ လေးပုံသုံးပုံခန့်နှင့် အမေရိကန်ပြည်ထောင်စုမှ လာရောက်သည့် ခရီးသွားဧည့်များ၏ သုံးပုံနှစ်ပုံမှာ အားလပ်ရက်ကို လာရောက်ကြခြင်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို