နယူးဇီလန်နိုင်ငံ တောမီး ဆက်လက်လောင်ကျွမ်း

၈ ဇန်နဝါရီ

 

နယူးဇီလန်နိုင်ငံတွင်  တနင်္လာနေ့မှ စတင်ကာ လောင်ကျွမ်းခဲ့သည့် တောမီးသည်  နာပီရာမြို့အနီး ဟက်တာ ၃၅၀ အထိ ကျယ်ပြန့်စွာလောင်ကျွမ်းခဲ့ပြီး ထိုမီးကို ထိန်းချုပ်ဟန့်တားရန် မီးသတ်သမားများက  ယနေ့ ဆက်လက်လုပ်ဆောင်နေကြကြောင်း ဖော်ပြထားသည်။

 

5

 

မီးသတ်သမားများသည် မီးငြိှမ်းသတ်မှုလုပ်ဆောင်နေသည့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အနောက်မှတိုက်သော လေပြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

 

ထိုတောမီးကို မြေပြင်နှင့်သစ်တောအမှုထမ်း ၅၅ ဦးတို့ ဆက်လက်ငြိှမ်းသတ်နေစဉ် ရဟတ်ယာဉ်များကို ယနေ့တွင် အရန်သင့်ရပ်ဆိုင်းထားသည်။

 

အင်္ဂါနေ့မှစ၍ မီးညွန့်ကြီးထွားလာခြင်းမရှိကြောင်း နယူးဇီလန် မီးနှင့်အရေးပေါ်အခြေအနေဆိုင်ရာအဖွဲ့ ပြောကြားချက်အရ သိရသည်။

 

ယနေ့တွင် ရာသီဉတုကောင်းမွန်မှုကြောင့် မီးညွန့်ကြီးထွားလာဖွယ်မရှိကြောင်း ၎င်းအဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

လာမည့် ရက်အနည်းငယ်အတွင်း ထိုတောမီးလောင်ကျွမ်းမှုမှ မီးခိုးများ ဆက်လက်ထွက်နေမည် ဟု၎င်းအဖွဲ့အစည်း က ဆိုသည်။

 

4

 

အိမ်နီးချင်း ဩစတြေးလျနိုင်ငံသည် သမိုင်းတွင် အကြီးမားဆုံးသော တောမီးလောင်ကျွမ်းမှုတွေ့ကြုံခဲ့ရပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို