နယူးယောက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွား တပ်ဖွဲ့ဝင် သုံးဦး သေဆုံး

 ၂၁ ဇန်နဝါရီ

 

 

နယူးယောက် မြောက်ပိုင်းဒေသတွင် နယူးယောက် လက်နက်ကိုင် တပ်ဖွဲ့ လိုက်ပါလာသော ရဟတ်ယာဉ် တစ်စင်း ယမန်နေ့ ညနေပိုင်းက ပျက်ကျခဲ့ကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

ထိုရဟတ်ယာဉ်သည် မန်ဒန်မြို့အတွင်း ပျက်ကျခဲ့ပြီး တပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သည်။

 

 

အဆိုပါ ယူအိတ်ချ်-၆၀ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် ရိုချက်စတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေစိုက်ပြီး လုပ်ရိုးလုပ်စဉ် လေ့ကျင့်ရေး မစ်ရှင် လုပ်ဆောင်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ထိုလက်နက်ကိုင်တပ်ဖွဲ့ပြောကြားချက်အရ သိရသည်။

 

 

ယင်း မတော်တဆမှု ဖြစ်ပွားသည့် အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှု တစ်ရပ် လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကူမိုက သေဆုံးသူ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့် အနေဖြင့် ပြည်နယ် အဆောက်အအုံများရှိ အလံတိုင်အားလုံး ယနေ့တွင် အလံတစ်ဝက်ထိ လျှော့ချလွှင့်ထူရန် ညွှန်ကြားထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို