နယူးယောက်စီးတီးတွင် ရေယာဉ်ပျံတစ်စီး ပျက်ကျမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

၅ အောက်တိုဘာ

နယူးယောက်စီးတီးမီးသတ်ဌာန ( FDNY )၏နောက်ဆုံးထုတ်ပြန်ချက်အရ နယူးယောက်စီးတီးတွင် ယမန်နေ့မွန်းလွဲပိုင်းက အင်ဂျင်တစ်လုံးတပ်ရေယာဉ်ပျံတစ်စင်း ပျက်ကျမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါရေယာဉ်ပျံပျက်ကျမှုကြောင့် လေယာဉ်မှူးတစ်ဦးနှင့် ခရီးသည်တစ်ဦးတို့ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၎င်းတို့ကို ဆေးရုံတင်ထားသော်လည်း အခြားခရီးသည်တစ်ဦးမှာသေဆုံးသွားကြောင်း FDNY က ပြောကြားခဲ့သည်။

ထိုလေယာဉ်မှာ ရေပေါ်တစ်လျှောက်ပျံသန်းနေစဉ် နယူးယောက်စီးတီး ကွင်းစ်ဒေသရှိ ကွန်ကရစ်ဆိပ်ခံတံတားပေါ်သို့ ဒေသစံတော်ချိန် ညနေ ၃ နာရီခန့်က ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းလေယာဉ်မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို