နယူးယောက်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက် အဆုံးသတ်မည်

ဇွန် ၂၄

 

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုတွင် တိုးတက်မှုများရှိလာကြောင်း  ကျေးဇူးတင်စကားဆိုကာ ကိုဗစ်-၁၉ ဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်ကို ဇွန် ၂၄ ရက်တွင် အဆုံးသတ်မည်ဟု ဇွန် ၂၃ ရက်က ပြောကြားသည်။

 

နယူးယောက်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် ၂၀၂၀ ခုနှစ် မတ်လအစောပိုင်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါကြေညာချက်သည် ယနေ့တွင် အဆုံးသတ်မည် ဖြစ်သည်။

 

ထိုပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း သုည ဒသမ ၃၄ ရာခိုင်နှုန်းရှိပြီး ၁၀၄ ဦး မှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေကြောင်း ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၂၉၄၂ ဦးအထိ ရှိလာသည်။

 

ယင်းပြည်နယ်ရှိလူဦးရေ၏ ၇၁ ဒသမ ၂ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံပြီးသူများ ဖြစ်သည်။

 

ကျန်းမာရေးစောင့်ရှောက်မှုစင်တာများ၊ ဘိုးဘွားရိပ်သာများ၊ အများသုံးသယ်ယူပို့ဆောင်ရေးနှင့် အချို့သော နေရာများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမပြုရသေးသူများသည် နှာခေါင်းစည်းများ တပ်ဆင်ခြင်းအပါအဝင်  ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေး ဗဟိုဌာန၏လမ်းညွှန်ချက်များသည် ဆက်လက်တည်ရှိနေမည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို