ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်

၁ ဒီဇင်ဘာ

 

ဩစတြေးလျနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ကန့်သတ်ချက်များ လအတန်ကြာချမှတ်ခဲ့ပြီးနောက် ဗစ်တိုးရီးယားနှင့် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တို့မှ ဒေသခံများအတွက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ  ကွင်းစလန်ပြည်နယ် နယ်စပ်ဒေသများကို အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

 

ဗစ်တိုးရီးယားနှင့် နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တို့မှ ဒေသခံများကို ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ကာ သီးသန့်ခွဲခြားထားခြင်းမပြုပဲ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းကိုလည်း ဩစတြေးလျ အနောက်ပိုင်းအစိုးရက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ဩစတြေးလျ၏ထောင်နှင့်ချီသောလူများသည် ပြည်နယ်အနှံ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောမြှင့်တင်မှုများ ကမ်းလှမ်းပေးခြင်းနှင့် ချစ်ခင်ရသူများနှင့် ပြန်လည်ပေါင်းစည်းခြင်းတို့အတွက် နွေရာသီပထမဆုံးနေ့တွင် ကွင်းစလန်ပြည်နယ်သို့ ထွက်ခွာသွားကြသည်။

 

ကွင်းစလန်ပြည်နယ်ရှိ အာဏာပိုင်များသည် ဒေသတွင်းစီးပွားရေး မြှင့်တင်နိုင်ရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် အစောပိုင်းက ဖိအားပေးခံခဲ့ရသည်။

 

နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်တွင် အင်္ဂါနေ့ကအထိ ဒေသတွင်းကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၂၄ ရက်ဆက်တိုက်မတွေ့ရှိခဲ့ပေ။

 

ပြည်တွင်းလေကြောင်းလိုင်း Virgin Australia က ကွင်းစလန်သို့သွားရောက်ရန် လေယာဉ်လက်မှတ် ၁၀၀၀၀၀ ကို ပြီးခဲ့သည့် သီတင်းပတ်က ကြိုတင်ဘွတ်ကင်လုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

ထိုအတောအတွင်း ဩစတြေးလျတောင်ပိုင်း ပြည်နယ်မြို့တော် အယ်ဒန်(လ)လေ ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ပြားသောနေရာအဖြစ် ကွင်းစလန်တာဝန်ရှိသူများက သတ်မှတ်ထားဆဲဖြစ်သဖြင့် ယင်းဒေသတွင်နေထိုင်သူများသည် ကင်းလွတ်ခွင့်မရပဲ ဝင်ရောက်ခွင့်မရှိသေးဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို