ဩစတြေးလျနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံးနေ့ဖြစ်လာ

၅ ဩဂုတ်

 

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံး ၁၅ ဦး ရှိလာကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တဲ့အတွက် ကပ်ရောဂါကြောင့် လက်ရှိအချိန်အထိ သေဆုံးသူအများဆုံးနေ့ ဖြစ်လာကြောင်း သိရပါတယ်။ 

 

ဗစ်တိုးရီးယားပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ ဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့ကူးစက်ခံရသူ ၇၂၅ ဦး ရှိကြောင်း ဒီနေ့ ကြေညာတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

 

ပြည်နယ်အုပ်ချုပ်ရေးမှူး ဒန်နီရယ်အန်ဒရူးစ် က သတင်းစာရှင်းလင်းပွဲမှာ ဗိုင်းရပ်စ်ပိုး ကြောင့် ဒီနေ့ သေဆုံးစာရင်းမှာ အသက် ၃၀ အတွင်း အမျိုးသားတစ်ဦး နဲ့ လူအိုရုံတွေမှာနေထိုင်သူ ၁၂ ဦး တို့ ပါဝင်ကြောင်း ပြောကြားသွားပါတယ်။ 

 

ဗိုင်းရပ်စ်ပိုးဟာ မဲလ်ဘုန်းမြို့ရှိ အဖိုးအဖွား စောင့်ရှောက်ရေး ဂေဟာတွေ ပျံ့နှံ့ကူးစက် သွားတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁,၅၀၀  နီးပါးရှိနေကြောင်း သိရပါတယ်။ 

 

ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆေးရုံတွေမှာ အရေးကြီး ကိစ္စကလွဲပြီး ခွဲစိတ်ကုသခြင်းတွေကို ရက်ရွှေ့ဆိုင်းထားကြောင်း၊ အရေးကြီး လူနာကို  အမြန်ဆုံးကုသပေးဖို့ ဆုံးဖြတ်ထားကြောင်း၊ အခုလို ဆုံးဖြတ်ရတာကို စိတ်မကောင်းမကြောင်း နဲ့ ကျန်းမာရေးစနစ်ကို ထိန်းထားအောင် အရေးကြီးတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရကြောင်း  ပြောပါတယ်။ 

 

ဗစ်တိုးရီးယားပြည်နယ်ကို ကျန်တဲ့ ဒေသတွေကနေ လာရောက်ခွင့် မရှိအောင် ပိတ်ပင် ထားကြောင်း၊ ပြည်နယ်တွင်းနေထိုင်သူတွေကိုလည်း ကန့်သတ်မှုအတွင်းမှာသာ သွားလာခွင့်ပြုထား ပါတယ်။ 

 

ဩစတြေးလျနိုင်ငံရဲ့ တခြားပြည်နယ် တွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မရှိကြောင်း သိရပါတယ်။ 

 

နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉,၄၄၄ ဦးနဲ့ သေဆုံးသူ ၂၄၇ ဦးရှိကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP