ပျားစခန်းကျေးရွာ အ.က.ထ ကျောင်း စောင့်ကြည့်ရေးစင်တာသို့ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်

သံတောင်ကြီး     ၂၆   စက်တင်ဘာ

 

ကရင်ပြည်နယ်    သံတောင်ကြီးမြို့နယ် ၊  ပျားစခန်းကျေးရွာ အ-ထ-ကကျောင်း အသွား အလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာတွင်  ဓါတ်ခွဲအတည်ပြုလူနာတစ်ဦး နှင့်   အနီးကပ် ထိတွေ့ခဲ့သည့်    အိမ်ထောင်စုများအား  တစ်ကိုယ်ရေသုံးပစ္စည်းနှင့်     အစားအ သောက်များ ထောက်ပံ့ပေး  အပ်ခြင်းကို Local  Recource  Center ၏   ပံ့ပိုးကူညီမှုဖြင့်   သံတောင်ကြီး အမျိုးသမီးများအဖွဲ့က  ယမန်နေ့  နေ့လည်ပိုင်းက   သွားရောက်ထောက်ပံ့ပေးအပ်   ခဲ့ကြောင်းသိရသည်။

 

mdn

 

ထိုသို့ထောက်ပံ့ပေးအပ်ရာ     ပျားစခန်းကျေးရွာ အ.ထ.ကကျောင်း    အသွားအလာကန့် သတ်စောင့်ကြည့်ရေး စင်တာတွင်   အသွားအလာကန့်သတ်ထားရှိသူ   အိမ်ထောင်စု(၅)စု ရှိလူဦးရေ (၂၇) ဦး အတွက်  တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်သည့်   ရေပုံး၊   ရေခွက်၊ ဆပ်ပြာ၊  သွားတိုက်ဆေး ၊သွားတိုက်တံ၊ လက်သန့်ဆေးရည်၊ ခြင်ထောင်၊  အဝတ်နှာခေါင်းစည်းစသည် တို့နှင့် လက်ဆေးဘေ စင်(၁)ခု၊  အစားအသောက်များကို  သံတောင်ကြီးအမျိုးသမီးများအဖွဲ့     ဒါရိုက်တာဒေါ်မာမာချို က လည်းကောင်း၊ စောဂေဒိူစိုးမှ မျက်နှာကာ(၅၀)ခုတို့ကို  ထောက်ပံ့ပေးအပ်ခဲ့ရာ  အိမ်ထောင်စုဝင်များ နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမန်းဒေးတို့က လက်ခံရယူခဲ့သည်။

 

ထို့နောက် သံတောင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား  လက်သန့်ဆေးရည်နှင့် မျက်နှာကာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)