ပျားများကြောင့် သီးနှံများဝတ်မှုံကူးမှု ပိုမိုအောင်မြင်

ဂန့်ဂေါ ၁၄ ဇန်နဝါရီ

 

ဂန့်ဂေါမြို့နယ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက ရွာမကျေးရွာ ဓမ္မာရုံတွင် ပြုလုပ်သည်။

 

777..

 

ရှင်းလင်းဆွေးနွေးပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်မွေးမြူခြင်း၊ မေထုံမဲ့သားစပ်ခြင်း၊ စာကျက်စိုက်ပျိုးခြင်း၊ အဟာရမြင့်အစာပြုလုပ်ကျွေးမွေးခြင်း၊ ရောဂါကာကွယ်ကုသခြင်း အကြောင်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မျိုးခိုင်က ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာများကိုလည်းကောင်း ပညာပေးဆွေးနွေးခဲ့ကြသည်။

 

1445

 

ပျားများကြောင့် တောင်သူများ စိုက်ပျိုးထားတဲ့ သီးနှံပင်များ၊ ၊ အထူးသဖြင့် နေကြာနှင့် ပန်းနှမ်း ပင်ခြားဝတ်မှုံကူးတဲ့ သီးနှံပင်များမှာ ဝတ်မှုံကူးမှု ပိုမိုအောင်မြင်စေပါတယ်၊ သီးနှံအထွက် တိုးစေပါတယ်၊ ပျားမွေးမြူရေးက စိုက်ပျိုးရေးကို ထိခိုက်မှုမရှိဘဲ ကောင်းကျိုးသာရနိုင်ပါတယ်၊ ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက ပြောသည်။ 

 

အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မွေးကုနှင့် စိုက်ပျိုးရေးဌာမှ ဝန်ထမ်းများနှင့် ကျေးရွာနေ တောင်သူများ စုစုပေါင်း ၁၃၅ ဦးတို့ တက်ရောက်ခဲ့ကြကြောင်းနှင့် ပျားမွေးမြူသူများသည် စိုက်ခင်းများတွင် ပျားအိမ်သေတ္တာများကို လာရောက်ချထားပေးလေ့ရှိရာ မွေးမြူသူရော စိုက်ခင်းအတွက်ပါ အကျိုးရှိစေကြောင်း ဂန့်ဂေါမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။ 

 

MDN