ပဲခူးမြို့နယ်၌ ဆင်မှ အစွယ်ဖြင့် ထိုး၊ နှာမောင်းဖြင့် ရိုက်၍ ဆင်ဦးစီးသေဆုံး

နေပြည်တော် ၁၈ စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ထားဝယ်ကျေးရွာရှိ ထားဝယ်ဆင်စခန်း၌ စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီခွဲက ဆင်စွယ်ဖြင့် ထိုးခံရ၍ ဆင်ဦးစီးတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ တိုက်ကြီးကျေးရွာနေ ဆင်ဦးစီး မျိုးဦး (၄၅)နှစ်သည် နံနက် ၉ နာရီက  ထားဝယ်သစ်ထုတ်လုပ်ရေးစခန်း၌ ထူးခတ်ထားသည့် အစိုးရပိုင် ဆင်(ထီး) တစ်ကောင်အား ထူးဖြုတ်ပေးစဉ် အဆိုပါဆင်က နှာမောင်းဖြင့်ရိုက်ပြီး အစွယ်ဖြင့်ထိုး၍ ဒဏ်ရာများရရှိ သေဆုံးခဲ့သဖြင့် အလောင်းအား ဇောင်းတူတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် တိုက်ကြီးနယ်မြေရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား