ပဲရစ်မာရသွန် ပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ထပ်မံရွှေ့ဆိုင်း

၆ ဇူလိုင်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့  ပဲရစ်မာရသွန်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပွဲပြိုင်ကျင်းပရက်ကို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

 

ပဲရစ်မာရသွန်ဟာ ပုံမှန်ဆိုရင် ဧပြီလမှာ ကျင်းပလေ့ရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့နှံ့ ကူးစက်နေတဲ့အတွက် အောက်တိုဘာ ၁၈ ရက်နေ့ကို ရွှေ့ပြောင်း သတ်မှတ်ခဲ့ထားပြီးဖြစ်ပါတယ်။

 

နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် နယူးယောက်နဲ့ ဘာလင် မာရသွန်ပြိုင်ပွဲတွေကို ပြီးခဲ့တဲ့လက ဖျက်သိမ်းလိုက်ပါတယ်။ လန်ဒန်နဲ့ ချီကာဂို မာရသွန်ပြိုင်ပွဲတွေကတော့ အောက်တိုဘာ ၄ ရက်နဲ့ အောက်တိုဘာ ၁၁ ရက်နေ့ မှာ ကျင်းပဖို့ ရှိနေပါတယ်။

 

၂၀၁၉ ပဲရစ်မာရသွန်ပြိုင်ပွဲရဲ့ အမျိုးသားတံခွန်စိုက်ဆုကို  အီသီယိုးပီးယားနိုင်ငံက အက်ဟာ မီလော က ရရှိခဲ့ပေမယ့် တစ်နိုင်ငံတည်းသားက ဂျီလတ်တီ ဘာကာကတော့ ၂၀၁၉ အမျိုးသမီးတံခွန်စိုက်ဆုကို ရရှိခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

MDN

ကိုးကား-  AFP