ပေါက်မြို့နယ် သရက္ကန်ကျေးရွာ ရေနံမှော်၌ မီးလောင်မှုဖြစ်ပွား

ပေါက် ၂၂ ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သရက္ကန်ကျေးရွာ အရှေ့ဘက် ၂ မိုင်ခန့်အကွာ တရားမဝင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း ဧရိယာအတွင်း၌ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ပေါက်မြို့နယ် သရက္ကန်ကျေးရွာနေ မြေပိုင်ရှင်ဦးသန်းမြင့် မြေဧရိယာအတွင်း မြေနေရာကို ငှားရမ်းလုပ်ကိုင်နေသော ရေနံကျင်းပိုင်ရှင် ဦးမျိုးမင်း မြိုင်မြို့နယ် ဆူးဝန်းကျေးရွာနေသူ၏ ရေနံတွင်း ရေနံခပ်ခွက်သံကိုင်းနှင့် ရေနံသံပိုက်တို့ ထိတွေ့ရာမှ မီးပွားများလွင့်ထွက်ကာ အနီးအနားရှိ ရေနံလှောင်ကန်နှင့် ရေနံစိမ်းသိုလှောင်ကန် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

86

 

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပေါက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးတိုးချိန်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးအနားကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်က မီးငြိမ်းသွားကြောင်း သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် လူနှင့်အခြားတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရပြီး မီးပေါ့ဆစွာ သုံးစွဲသူ ဦးမျိုးမင်းအား ရေပြာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရပါသည်။

 

ပေါက်မြို့နယ်(ပြန်/ဆက်)