ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး အခြေခံပညာကျောင်း၆၈ ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြား

ပေါက်    နိုဝင်ဘာ    ၃

 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင် အ သက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံ၍ ၂၀၂၁ -၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက်အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောင်းပေါင်း(၇၀)တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၀၁) ဦးအား ပထမအကြိမ် ထိုးနှံပေးထားပြီး၊ ဆက်လက်၍လည်း ထိုးနှံလျက်ရှိကြောင်း ၊ ယခုကျောင်းဖွင့်လှစ်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 ပေါက်မြို့နယ်အတွင်းရှိကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသားကျောင်းသူများလုံခြုံမှုရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ ရပ် ကွက်နှင့် ကျေးရွာအုပ်စုများရှိ တာဝန်ရှိသူများက လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁၆)ကျောင်း၊ အလယ်တန်းကျောင်း (၁၀) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉) ကျောင်း၊ မူလတန်းကျောင်း (၁၇) ကျောင်းနှင့် မူလတန်းလွန်ကျောင်း(၂၄) ကျောင်း၊ (ခွဲ)အမက(၁) ကျောင်း စုစုပေါင်း (၈၆) ကျောင်းကို ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)