ဖားကန့် နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၇  နိုဝင်ဘာ

ဖားကန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီက ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ အမှတ်(၉၉)နေ မခင်မာ(ခ)မခင်မြင့်မာ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၀၂၀ နှင့် စိတ်ကြွရူးသွပ်ဆေးပြားအကြေ သုည ဒသမ ၀၀၁ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် ဘုရားသုံးဆူ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်နွဲ့၏ နေအိမ်သို့ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၉ ပြား ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

(ရဲပြန်ကြား)