ဖားကန့်မြေပြိုမှုအတွင်း သေဆုံးသူရုပ်အလောင်း ထပ်မံဆယ်ယူရရှိသဖြင့် စုစုပေါင်း ၁၇၄ ဦးထိ ရှိလာ

ဖားကန့် ၄  ဇူလိုင်

ဖားကန့်မြေပြိုကျမှုအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄  ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်တွင် သေဆုံးသူ (၁)ဦးနှင့် ၉ နာရီ အချိန်တွင် သေဆုံးသူ(၁)ဦး ထပ်မံဆယ်ယူရရှိသဖြင့် စုစုပေါင်း သေဆုံးသူ (၁၇၄)တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။

MDN