ဖားကန့်၌ အမြင့်ပေ (၂၀ဝ)ခန့်ရှိ ကျင်းကမ်းပါးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဖားကန့်  ၂၄  မေ

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီးရှိ YTT ကုန်း (ယခင် ရတနာတောင်တန်းကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်း) ကျင်းကမ်းပါးထိပ်၌ ကျောက်တူးနေသည့်အမျိုးသား တစ်ဦး အမြင့်ပေ(၂၀ဝ)ခန့်မှ အောက်သို့ ခြေချော်ပြုတ်ကျသေဆုံးမှု ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဖားပြင်ကျေးရွာ တာဝန်ခံရုံးမှ သိရသည်။

 

ကျင်းပေါ်မှပြုတ်ကျသေဆုံးခဲ့သူသည် မောင်နော်လွတ်(၂၄)နှစ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၂)တွင် နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းအား ဖားပြင်ကျေးရွာ သုခဒါယီ လူမှုကူညီရေးအသင်းကားဖြင့် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)