ဖောင်းပြင်မြို့နယ်၌ ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်း

ဖောင်းပြင် နိုဝင်ဘာ  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲအမျိုးမျိုးနှင့် ဆီထွက် သီးနှံများ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြရာ သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်မှ တောင်သူအများစုသည် ယခုနှစ် ဆောင်းရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲကိုအဓိကထားကာ မြေထောက်ပဲ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲစာလုံးတို့ကို စိုက်ပျိုးကြပြီး မတ်ပဲ၊ ပဲပုပ်၊ ပဲနက်၊ ပဲဇီးကွက်နှင့် မြေထောက်ပဲအဖြူတို့ကို အနည်းငယ်စိုက်ပျိုးကြကြောင်း၊ စားဖိုဆောင်သီးနှံအဖြစ် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် နံနံတို့ကို အများအပြား စိုက်ပျိုးကြကြောင်းသိရသည်။

ကိုထွန်း(ဖောင်းပြင်)