ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲအတွင်းက အဆင်မပြေမှုတွေကို စုံစမ်းရန် သမ္မတဒူတာတေး အမိန်ပေး

၂၉ နိုဝင်ဘာ

 

မြန်မာနိုင်ငံမှ အားကစားသမားတွေလည်း ပါဝင်ယှဉ်ပြိုင်နေတဲ့ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် စီစဉ်သူတွေရဲ့ မပြီးစီးသေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဖရိုဖရဲဖြစ်နေတဲ့ အစီစဉ်တွေအပေါ်  ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ ဆီးဂိမ်း ပြိုင်ပွဲပြင်ဆင်မှုမှာ အဆင်မပြေမှုတွေကို စုံစမ်းရန် သမ္မတက မနေ့က အမိန်ပေးလိုက်ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲကို ပြီးခဲ့တဲ့ စနေနေ့က စတင်ခဲ့တာဖြစ်ပါတယ်။ 

 

4

 

သမ္မတ အခုဖြစ်စဉ်ကို စုံစမ်းခွင့်ပေးပါ။ ဒီအားကစားပွဲအတွက် ငွေကြေးအမြောက်အများ အကုန်ခံထားပါတယ်။ အဲဒီငွေတွေဟာ  ပွဲစဉ်တွေကို ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် သုံးထားတာပါ။ တခုခုလွဲချော်တာလား မသိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

 

ဆီးဂိမ်းအားကစားသမားတွေ ရောက်ရှိလာပေမယ့် တည်းခိုဆောင်တွေနဲ့ အစားအစာ မလုံမှုအပြင် စောင့်ရတာ ကြာတဲ့အပေါ်မှာ ဖွင့်ပွဲနေ့မှာတင် စတင် ပြစ်တင်မှုတွေ ဖြစ်လာပါတယ်။ တချို့သော အားကစားကွင်းများမှာတွင် ဆောက်လုပ်ဆဲ လုပ်ငန်းခွင်တွေကိုပါ တွေ့နေရပါတယ်။ ဆီးဂိမ်းစီစဉ်ရေး ကော်မတီဥက္ကဌ အလန် ပီတာ ကရာတန်ဘို က သတင်းတွေမှာ ပါတဲ့ ၉၅ ရာခိုင်နှုန်းက အမှားတွေဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

အာဆီယံနိုင်ငံ ၁၁ နိုင်ငံကနေ အာကစားပွဲပေါင်း ၅၆ ခုကို လာရောက်ယှဉ်ပြိုင်တဲ့ ထောင်ချီတဲ့ အားကစားသမားတွေရဲ့ တည်းခိုနေရာ တချို့ဟာ ပြိုင်ပွဲနဲ့ နာရီပေါင်းများစွာကွာဝေးတာမျိုး စတဲ့ စီမံခန့်ခွဲမှု ပြဿနာတွေကလည်း ရှိနေပါတယ်။

 

8

 

လာမယ့်အင်္ဂါနေ့မှာ တစ်နာရီကို ၈၇ မိုင် (၁၇၀ ကီလိုမီတာ) နှုန်းနဲ့ တိုက်ခိုက်မယ့် ခန်မူရီ တိုင်ဖုန်းတိုင်းဟာ နိုင်ငံရဲ့မြောက်ပိုင်းကို ဦးတည်တိုက်ခတ်မယ်လို့ ခန့်မှန်းချက်တွေကလည်း ရှိနေပါတယ်။

 

MDN

ကိုးကား -AFP