ဖိလစ်ပိုင်နိုင်ငံမှာ အခြေစိုက်တဲ့ CNN Philippines ဟာ ဗိုင်းရပ်စ်ပိုးကြောင့် အသံလွှင့်မှု ရပ်ဆိုင်း

၁၈ မတ်

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ CNN Philippines ရုံးခန်းရှိရာ အဆောက်အအုံတွက် COVID 19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်တဲ့အတွက် အသံလွှင့်မှုကို ဒီနေ့ ရပ်ဆိုင်းကြောင်း သိရပါတယ်။ 

 

55

 

CNN Philippines  ရုံးခန်း အဆောက်အအုံအတွင်းရှိ တခြားကုမ္ပဏီတစ်ခုမှာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ကြောင်းတွေ့ရတဲ့အတွက် အနည်းဆုံး ၂၄ နာရီ အသံလွှင့်မှာ မဟုတ်ဘူးလို့သိရပါတယ်။

 

0001

 

ဒါပေမယ့်ဆိုရှယ်မီဒီယာနဲ့ သတင်းဝက်ဆိုက်ကနေ သတင်းတွေကို ဆက်လက် တင်ဆက်သွားမယ်လို့ CNN Philippines ကပြောပါတယ်။ အခုလို အခြေအနေမျိုးဖြစ်လာရင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ပြင်ဆင်တဲ့အနေနဲ့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကတည်း ဝန်ထမ်းတချို့ဟာ အိမ်ကနေအလုပ်လုပ်နေကြောင်း သိရပါတယ်။

 

50

 

ဖိလစ်ပိုင်နိုင်ငံမှာ COVID 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၉၃ ဦး ရှိပြီး ၁၄ဦး သေဆုံးကြောင်း မတ် ၁၈ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား - AFP