ဖလမ်းမြို့၌ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ် ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရ

ဖလမ်း ၂၀ စက်တင်ဘာ

 

အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုကို ဖလမ်းမြို့၌ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက လှုပ်ခတ်သွားပြီး ပျက်စီးဆုံးရှုံးမှုမရှိကြောင်းသိရသည်။

 

ယနေ့ နံနက် ၈ နာရီ ၂၉ မိနစ်၊ ၀၆ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့ မြောက်ဘက်(၂၉)မိုင်ခန့်ကွာဝေးသော (ချင်းပြည်နယ်၊ ဖလမ်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၃)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၂၂ ဒသမ၉၈)ဒီဂရီ၊  အရှေ့လောင်ဂျီတွဒ်(၉၃ ဒသမ ၈၇)ဒီဂရီ၊ အနက် (၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

အဆိုပါမြေငလျင်လှုတ်ခတ်မှုကြောင့် ဖလမ်းမြို့နယ်အတွင်းနှင့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်စီမံကိန်း၊ လိုင်ဗားဆည်များတွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

 

ခရိုင် ပြန်/ဆက်