ဖူးခက်ကမ်းခြေတွင် စက်လှေနှစ်စင်းတိုက်မှုဖြစ်ပွား၊ ကမ္ဘာလှည့်ခရီးသည် နှစ်ဦးသေဆုံး

၁၀ ဖေဖော်ဝါရီ


ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် ယနေ့ နံနက်အစောပိုင်းတွင် စက်လှေနှစ်စင်း တိုက်မှုဖြစ်ပွားရာ ကမ္ဘာလှည့်ခရီးသည် နှစ်ဦးသေဆုံးခဲ့ပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့သည်။ 

 

ss1

 

ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်လာသည့် စက်လှေတွင် ရုရှားနိုင်ငံသား အများစု လိုက်ပါလာခဲ့ကြပြီး  ဖူးခက်တော်ဝင်လှေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက်တွင် အခြားလှေတစ်စင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ 

 

2869

 

ခရီးသည်နှစ်ဦးဖြစ်သည့် အသက်ခြောက်နှစ် နှင့် ၁၂နှစ်အရွယ် လူငယ်နှစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

 

အခင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာရရှိသည့် ခရီးသွားများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ 

 

ကိုးကား-ဆင်ဟွာ


ဘာသာပြန်-မေဇော်ထက်