ဖြူးမြို့နယ်၌ ကျေးရွာ လေးရွာအတွက် VDP ရန်ပုံငွေ သိန်း ၁၀၀ စီ လွှဲပြောင်း ပေးအပ်

ဖြူး   ဒီဇင်ဘာ   ၇

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများတွင် လိုအပ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၆) ရက်က ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

 

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အမှာစကား ပြောကြားပြီး ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းကျော်က ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သရက်ကုန်းကျေးရွာ၊ ရုစကားကျေးရွာ၊ သပြေလဟာကျေးရွာ၊ ကျောက်တိုင်အနောက်ကျေးရွာတို့အတွက် တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ စီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဦးစီးမှူးတို့က ပေးအပ်ပေးခဲ့သည်။ ဖြူးမြို့နယ်အနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကို ကျေးရွာ ၅၃ ရွာတွင် ဒေသဖွံဖြိုးရေး လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)