ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားနေတဲ့အတွက် တနင်္ဂနွေနေ့တွေမှာ ကာဖျူး ထုတ်ပြန်ထား

၁၃ ဩဂုတ်

 

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားနေတဲ့အတွက် တနင်္ဂနွေနေ့တိုင်း အိမ်အပြင် ထွက်ခွင့် တားမြစ်ထားသလို မိသားစု ပါတီတွေပါ ပိတ်ပင်ထားကြောင်း တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။

 

 

ဇူလိုင် ၁ ရက်နေ့ကစပြီး တားမြစ်မှုတွေကို ဖြေလျှော့ပေးပြီးနောက်မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ နေ့စဉ် နှစ်ဆကျော် ဖြစ်လာကြောင်း သိရပါတယ်။

 

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၈,၈၇၅ ဦး တွေ့ရှိ ပြီး သေဆုံးသူ ၂၁၂ ဦး ရှိတဲ့အတွက် မေလကုန်ပိုင်းအပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံး ဖြစ်တာကို တွေ့ရပါတယ်။

 

 

ပီရူးနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာပြီး သီတင်းပတ် အနည်းအငယ်အတွင်း ဧပြီလက တနင်္ဂနွေ ကာဖျူး ပြဌာန်းခဲ့ပါတယ်။ တနင်္ဂနွေနေ့တွေမှာ အပြင်ထွက်ခွင့်ရတဲ့ လက်မှတ်ကို ကျန်းမာရေး လုပ်သားတွေလိုမျိုး လူတွေသာ ရရှိခဲ့ပါတယ်။

 

 

နိုင်ငံရဲ့ စီးပွားရေး ပြန်လည် သက်ဝင်ရေးအတွက် ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က တနင်္ဂနွေ ကာဖျူး ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

 

 

ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၄၉၈,၅၅၅ ဦး ရှိပြီး သေဆုံးသူ ၂၁,၇၁၃ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP