ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နေ့စဉ်များပြားနေကြောင်း သိရ

၂၇ မေ

 

ပီရူးနိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၅,၈၀၀ ခန့် ရှိကြောင်း သိရတဲ့အတွက် ရောဂါပိုးတွေ့ရှိသူ ၁၃၀,၀၀၀ နီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပီရူးနဲ့ဘရာဇီးနိုင်ငံတွေမှာ ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ဆက်တိုက်များပြားနေတဲ့အတွက် အမေရိကနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့က စိုးရိမ်ကြောင်း ထုတ်ပြန်ပြီးနောက် ပီရူးကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတယ်လို့ သိရပါတယ်။

 

ပီရူးကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ  ၂၄ နာရီအတွင်း ရောဂါပိုး တွေ့ရှိသူ ၅,၇၇၂ ဦး ရှိတဲ့အတွက် စုစုပေါင်း ၁၂၉,၇၅၁ဦး ရှိကြောင်း နဲ့ သေဆုံးသူ ၃,၇၈၀ဦး ရှိကြောင်း ပါရှိပါတယ်။

 

ဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်ရန်အတွက် အသွားအလာပိတ်ဆိုခဲ့ရာ ၇၂ ရက်ရှိပြီ ဖြစ်တဲ့အတွက် နိုင်ငံ့စီးပွားရေးဟာ  ယိုင်နဲ့လာတာကို တွေ့ရသလို နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ဆေးရုံတွေမှာ ကာကွယ်ရေးပစ္စည်း ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

 

အင်္ဂါနေ့မတိုင်မီ သုံးလေးရက် ဆက်တိုက် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄,၀၀၀ နီးပါး တွေ့ရှိရတဲ့အတွက် ပီရူးသမ္မတက ကပ်ရောဂါပိုးတွေ့ရှိမှုဟာ အမြင့်ဆုံးကို ရောက်ပြီးတဲ့အတွက် ကျဆင်းဖို့ပဲရှိတော့ကြောင်း ပြောပါတယ်။

 

လက်တင်အမေရိကနိုင်ငံတွေထဲ ဘရာဇီးနိုင်ငံပြီးရင် ပီရူးနိုင်ငံဟာ ရောဂါပိုးတွေ့ရှိသူ ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

 

MDN
ကိုးကား - AFP