ပါကစ္စတန်နိုင်ငံ လာဟိုမြို့၌ ဗုံးပေါက်ကွဲရာ နှစ်ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရ

လာဟို ဇန်နဝါရီ ၂၁

ပါကစ္စတန်နိုင်ငံ မြို့ကြီးဖြစ်သည့် လာဟိုရှိလူစည်ကားရာ ဈေးဝယ်ကုန်တိုက်များနေရာတွင် ဇန်နဝါရီ ၂၀ ရက်က ဗုံးပေါက်ကွဲခဲ့ရာ နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲများနှင့် အရာရှိများက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို ဘလော့ချ်မျိုးချစ်တပ်မတော်က ပြုလုပ်ဖွယ်ရှိကြောင်းနှင့် အဆိုပါအဖွဲ့သည် လူမျိုးစုခွဲထွက်ရေး အုပ်စုများထဲမှတစ်စုဖြစ်ကြောင်းနှင့် ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ဆူပူအုံကြွအကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကနဦးလေ့လာစုံစမ်းမှုများအရ ပေါက်ကွဲစေသည့် ချိန်ကိုက်ဗုံးကို ဆိုင်ကယ်ပေါ်တွင်တပ်ဆင်ခဲ့ကြောင်း လာဟိုရဲဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရာနာအာရစ်က ပြောသည်။

ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်အတော်များများ ပျက်စီးခဲ့ပြီး ဈေးဆိုင်တန်းများအပေါ်သို့ လွင့်စဉ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် အသက်ကိုးနှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ကြောင်း အရာရှိများက ပြောသည်။ ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်က တန်ဖိုးရှိသည့် လူ့အသက်များဆုံးရှုံးခဲ့သည့်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

အေအက်ဖ်ပီ