ပါကစ္စတန်နိုင်ငံမှာ မီးရထား မီးလောင်တဲ့အတွက် လူ ၇၀ ကျော် သေဆုံး

၃၁ အောက်တိုဘာ

 

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မီးရထားတစ်စီး ဂတ်အိုးပေါက်ကွဲပြီး မီးလောင်တဲ့အတွက် လူပေါင်းအနည်းဆုံး လူပေါင်း ၇၃ ဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိကြောင်း၊  သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

1

 

တချိူ့ခရီးသည်တွေဟာ လာဟိုးမြို့ကို ဘုရားဖူးခရီးထွက်လာတဲ့သူတွေဖြစ်ပြီး  မနက်စာ ချက်ပြုတ်စဉ် ဂတ်အိုးနှစ်လုံး ပေါက်ကွဲပြီး အခုလို မီးရထားတွဲ သုံးတွဲကို မီးစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။

 

ပါကစ္စတန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံးနဲ့ လူစီးအများဆုံး ရထားခရီးစဉ်ဖြစ်ပြီး မီးရထားက ကရာချီကနေ စတင်ထွက်ခွာ လာခဲ့ပြီး ရာဝါပင်ဒီ အထိ သွားရောက်မည်ဖြစ်ရာ ပါကစ္စတန်ရဲ့ နေရာတော်တော်များကို ဖြတ်သန်းသွားပါတယ်။ ခရီးစဉ်ဟာ ၂၅ နာရီ ခွဲကြာတဲ့ ခရီးရှည် ခရီးစဉ်တစ်ခုဖြစ်တဲ့အတွက် ခရီးသွားတွေက အစားအစာတွေ ယူဆောင်လေ့ရှိပါတယ်။  ဒါပေမယ့် ဂတ်အိုးတွေကိုတော့ သယ်ဆောင်ခွင့်မရှိပါဘူး။ အခုမီးလောက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပါကစ္စတန်မီးရထားဌာနက တာဝန်ရှိသူ အလီ နာဝပ်က ပြောပါတယ်။

 

4

 

မီးလောင်သွားတဲ့ မီးရထားသုံးတွဲမှာ နှစ်တွဲဟာ ရိုးရိုးတွဲဖြစ်ပြီး တစ်တွဲကတော့ အထူးတွဲဖြစ်ပါတယ်။ တွဲတစ်တွဲမှာ ခရီးသည် ၈၈ ဦး တင်ဆောင်နိုင်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP