ပါကစ္စတန်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ရှစ်ဉီးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

၁၈ ဖေဖော်ဝါရီ

 

ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး ရှစ်ဉီး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည် ဟု ဆိုသည်။

 

အဆိုပါ ဖြစ်ရပ်မှာ အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိလျက်ရှိသည်။

 

ဘာလူချစ်စတန်ပြည်နယ်၏ မြို့တော် ကွတ်တာခရိုင်ရှိ တရားရုံးများအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 

အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသည့် အဆောက်အဉီများနှင့် ရပ်ထားသည့် ကားများမှာ အကြီးအကျယ် ပျက်စီးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

9

 

အဆိုပါ အဖြစ်အပျက်မှာ ဆွန်နီမူဆလင်များ စုရုံးနေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး  မည်သည့်အဖွဲ့အစည်းကမှ တာဝန်ခံ ထုတ်ဖော်ခြင်း မရှိသေးပေ။

 

ရဲများကမူ အဆိုပါ ပေါက်ကွဲမှုသည် ဆွန်နီမူဆလင်များ၏ တိုက်ခိုက်မှုတစ်ရပ်ဖြစ်ကြောင်း ယူဆလျက်ရှိသည်။

 

ပြီးခဲသည့်လအတွင်းကလည်း ကွတ်တာမြို့ရှိ ဗလီကျောင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး ၁၄ ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါမြို့မှာ အာဖဂန်နှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်