ပခုက္ကူမြို့၌ ပလတ်စတစ်ခြင်း ရက်လုပ်သင်တန်းဖွင့်

ပခုက္ကူ  ၈  ဇန်နဝါရီ

 

ပခုက္ကူမြို့နယ် အုန်းတောကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ပလတ်စတစ်ခြင်း ရက်လုပ်ခြင်းသင်တန်းတွင် ရိုးရာခြင်းရက်လုပ်ခြင်းနှင့် ဈေးကွက်ဝင်အလှခြင်း ရက်လုပ်ခြင်းများ ပါဝင်ကာ သင်တန်းသား (၂၃) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတွင် ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာတို့က သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

mdn

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

 

(ကိုတမာ)