ပလိပ်အင်းနှင့် ပျူကန်ဒေသတွင် ဆောင်းခိုငှက် သိသိသာသာလျော့နည်းလာ

မန္တလေး ၁၃ ဇန်နဝါရီ

 

ဆောင်းခိုငှက်များ လာရောက်လေ့ရှိသည့် ပလိပ်အင်းနှင့် ပျူကန်တွင် ဆောင်းခိုငှက်များ သိသိသာသာ လျော့နည်းလာကြောင်း မန္တလေးတက္ကသိုလ် သတ္တဗေဒဌာန လက်ထောက်ကထိက ဒေါက်တာနေမျိုးလှိုင်က ပြောသည်။

 

ဆောင်းရာသီကာလာတွင် အာရှနိုင်ငံများသို့ ဆောင်းခိုရန် လာရောက်လာကြသည့် ငှက်များတွင် မြန်မာနိုင်ငံတွင် ဆောင်းခိုငှက်တစ်မျိုးဖြစ်သည့် ရေငှက်အမျိုးအစား အများဆုံး လာရောက်လေ့ရှိကြောင်း သိရသည်။ ယခုအခါ အဆိုပါဆောင်းခိုငှက်များသည် ရာသီဥတုပြောင်း လဲလာခြင်း၊ နေထိုင်မှုခက်ခဲလာခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် ဆောင်းခိုရန် လာရောက်သည့် ငှက်အရေအတွက် နည်းလာသည်ဟု သိရသည်။ 

 

‘ငှက်အကောင်အရေအတွက် သိသိသာသာနည်းလာတာ တွေ့ရတယ်။ ဒီလုပ်ရတဲ့ရည်ရွယ်ချက်က နှစ်စဉ်အလိုက် မှတ်တမ်းကြည့်လိုက်တဲ့အခါ ရောက်လာတဲ့ငှက်တွေကိုက နည်းလာတာ တွေ့ရတယ်။ ငှက်တွေကို အဓိကအန္တရာယ်ရှိနိုင်တဲ့ ဖမ်းဆီးသတ်ဖြတ် စားသောက်တာ၊ နောက်ပြီး ရာသီဥတုက အဆင်ပြေတော့လို့ မလာတာတွေရှိတယ်’ မန္တလေးတက္ကသိုလ် သတ္တဗေဒဌာန လက်ထောက်ကထိက ဒေါက်တာနေမျိုးလှိုင်က ပြောသည်။

 

ပလိပ်အင်းနှင့် ပျူကန်တွင်၂၀၁၇ ခုနှစ်တွင် လာရောက်သည့် ဆောင်းခိုငှက် မျိုးစိပ် ၃၃ မျိုး၊ အကောင်အရေအတွက် ၂၈၀ဝ ခန့်လာရောက်ပြီး ၂၀၁၈ ခုနှစ်တွင် ဆောင်းခိုငှက်မျိုးစိပ် ၄၆ မျိုး အကောင်အရေအတွက် ၂၄၀ဝ၊ ၂၀၁၉ ခုနှစ်ဇန်နဝါရီလမှာ ဆောင်းခိုငှက်မျိုးစိပ် ၄၂ မျိုး အကောင်အရေအတွက် ၁၅၀ဝ သာ တွေ့ရှိရသည်ဟု သိရသည်။

 

မြန်မာနိုင်ငံသို့ လာရောက်သည့် ဆောင်းခိုငှက်များသည် ရှရှားနိုင်ငံ ဆိုဒ်ဗေးဒီးယန်းဒေသမှ လာရောက်သည့် ငှက်များရှိပြီး ဆောင်းတွင်းတစ်တွင်းလုံး နားခိုတဲ့ငှက်များရှိသလို၊ မြန်မာနိုင်ငံတွင် ခေတ္တနားခိုပြီး အီကွေတာနှင့် နီးသည်အထိသွားတဲ့ ငှက်များလည်းရှိကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

123