ပင်လောင်းမြို့၌  စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင်   ဆောင်ရွက်ရမည့် အချက်များ ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပင်လောင်း   ၂၅  နိုဝင်ဘာ  

           

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိရာ     စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့် အချက်များ ပြည့်စုံမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ စစ်ဆေးရာ၌ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် အချက်(၁၂)ချက်၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဆိုင်ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၆)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊  ညွှန်ကြားချက်များလိုက်နာမှု ရှိ/မရှိ အေ၊ဘီ၊စီဖြင့် အဆင့်သတ်မှတ်ပြီး စားသောက်ဆိုင်များအား  ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့က ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲပြီး  ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

           

ခွန်အာကာစိုး