ပင်လည်ဘူးမြို့၌ မီးသတ်တပ်ဖွဲ့ဝင်အား မီးသတ်ဝတ်စုံများပေးအပ်

ပင်လည်ဘူး  ၁၀  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော မီးသတ်ဝတ်စုံများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်တို့က အမှာစကားပြောကြားပြီး ပင်လည်ဘူးမြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များအတွက် မီးသတ်ဝတ်စုံ ၁၉၉ စုံကို တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)