ပင်လုံမြို့တွင် ဘိန်းစိမ်းများနှင့်ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၃   ဖေဖော်ဝါရီ 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၁၃၅၀ အချိန် တပ်မတော်မှ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင်ကျေးရွာအုပ်စု၊ ဟွေကုန်းကျေးရွာတွင် လုံးစိန်(ခ)လုံးဆေး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆာလာအိတ်ဖြင့်ထည့်ထားသည့် ဘိန်းစိမ်း ၄၃ ကီလို၊ TNT ယမ်းတောင့် ၁၅ တောင့်၊ မီးရှို့စနစ်တံ ၂၅တောင့်၊ ၅.၅၆ကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် လုံစိန်(ခ)လုံးဆေး(၆၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)