ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ် (၁၈)ရက်၊ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်

 

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ နောက် (၃၆) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန် ကောင်းနေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌လျှောက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ပင်လယ်ပြင် ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်။ အမြင်တာ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်အောက်။ ရေပြင်လေ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀)မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။ လှိုင်းကြီးမည်။ လှိုင်းအမြင့် (၉) ပေမှ (၁၃)ပေခန့်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ပင်လယ်ပြင် ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်သည်။ အမြင်တာ (၃)မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။ ရေပြင်လေ တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် (၁၅-၂၀) မိုင်၊ တစ်ခါတစ်ရံ မိုင်(၄၀)။ လှိုင်းကြီးမည်။ လှိုင်းအမြင့် (၉)ပေမှ (၁၃)ပေခန့်။

 

Credit> မိုးဇလ